မင်္ဂလာပွဲမတိုင်ခင်ညလေးမှာ ဘဝရဲ့အမှတ်တရတစ်ခုကို မှတ်ကျောက်တင်လိုက်တဲ့ ရွှေထူး
- BongVa Media
- Nov 11, 2018
- 1 min read
မနက်ဖြန် နိုဝင်ဘာလ (၁၁) ရက်နေ့လေးကတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ချစ်သက်သေတည်မယ့် မင်္ဂလာပွဲလေးဖြစ်ပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့မှာ လက်မှတ်ထိုးစေ့စပ်ခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ နိုဝင်ဘာလ ၉ ရက်နေ့က အောင်ဇဗ္ဗူတောရကျောင်းတိုက်မှာ မင်္ဂလာဆွမ်းကပ်ပြုလုပ်ခဲ့ပါတယ်။


နှစ်ဖက်မိဘတက်ရောက်ခြင်းမရှိခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေပေမယ့် ကိုယ်လျှောက်ရမယ့် ဘဝခရီးလမ်းအတွက် ပြတ်သားစွာဆုံးဖြတ်ချက်ချခဲ့ကြတာဖြစ်ပါတယ်။ မနက်ဖြန်မှာကျရောက်လာမယ့် ဘဝရဲ့ အမှတ်တရနေ့စွဲတွေထဲက တစ်ခုဖြစ်တဲ့ မင်္ဂလာပွဲမတိုင်ခင်မှာတော့ ရွှေထူးတစ်ယောက် အမှတ်တရတစ်ခုကို မှတ်ကျောက်တင်ခဲ့တာဖြစ်ပါတယ်။


အဲဒီအမှတ်တရလေးကတော့ သူတို့ မင်္ဂလာဖိတ်စာပေါ်က စုံတွဲပုံလေးတစ်ပုံကို ရွှေထူးက လက်မောင်းပေါ်မှာ တက်တူးလေးတစ်ခုထိုးခဲ့တာဖြစ်ပါတယ်။ ထိုတက်တူးလေးထိုးနေတာကို ဇနီးဖြစ်သူ ရွှေမှုံရတီက အနားကနေ ပီတိတွေနဲ့ကြည့်နေတဲ့ပုံရိပ်လေးဟာ ပရိသတ်တွေကြားသဘောကျစရာ ပုံရိပ်လေးတစ်ခုဖြစ်လို့နေပါတယ်။ ရွှေနှစ်ရွှေစုံတွဲ မနက်ဖြန်မင်္ဂလာရက်မြတ်ကနေပြီး နောင်နှစ်တွေအများကြီးယခုလိုပဲ ဆက်ပြီးချစ်သွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
Comments