ရွှေမှုံရတီ နဲ့ ရွှေထူး တို့စုံတွဲသီဆိုထားတဲ့ ပထမဆုံးသီချင်းဖြစ်တဲ့ “အမှား” ထွက်ရှိလာ
- BongVa Media

- Dec 6, 2018
- 1 min read
ရွှေမှုံရတီတစ်ယောက်ကို ခင်ပွန်းသည်ဖြစ်သူ ရွှေထူးကိုယ်တိုင်က အဆိုပိုင်းနဲ့ပတ်သက်ပြီး ခေသူမဟုတ်ဘူးလို့ အသိပေးထားခဲ့တာဖြစ်ပါတယ်။ တကယ်ကို ရွှေထူးပြောခဲ့သလိုပဲ ရွှေမှုံရတီအသံက အင်မတန်ကောင်းနေခဲ့တယ်ဆိုတာကို ဒီ အမှားသီချင်းမှာ ပရိသတ်တွေ သိလိုက်ရမှာပါ။ မကြာသေးခင်ကမှ Relationship တစ်ခုနဲ့အတူ ဘဝလက်တွဲဖော်အဖြစ် ဆုံးဖြတ်ချက်ချပြီး လက်တွဲခဲ့ကြတဲ့ ရွှေရွှေစုံတွဲဟာ ဟန်းနီးမွန်းခရီးစဉ်လေးကို ဥရောပဆီထွက်ခဲ့ကြတာပါ။
ဟန်းနီးမွန်းခရီးစဉ်လေးမှာ ရွှေထူးဖွင့်ပြခဲ့တဲ့ ရွှေမှုံရဲ့သီချင်းလေးကို ပရိသတ်တွေက တပိုင်းတစသာ နားထောင်ခဲ့ရပြီး တခဲနက်အားပေးပြီးတောင်းဆိုမှုတွေ ရှိလာတာဖြစ်ပါတယ်။ ရွှေထူးကတော့ အမှား သီချင်းလေးကို သိပ်မကြာခင်မှာတင်ပေးသွားမယ်လို့လည်း အသိပေးခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်တဲ့ သူတို့ဇနီးမောင်နှံရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ တွေ့ရှိရမှာပါ။
ယနေ့မှာတော့ ရွှေထူးက သူကိုယ်တိုင်ရေးသားပြီးတော့ Featuring အဖြစ် ပါဝင်သီဆိုပေးခဲ့တဲ့ ရွှေမှုံရတီရဲ့ အမှားသီချင်းကို တင်ပေးလိုက်တာဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ လုံးဝပိုင်နိုင်နေပြီဖြစ်တဲ့ ရွှေမှုံရတီဟာ အသံပိုင်းဆိုင်ရာမှာရော ပါရမီရှိသူတစ်ဦးလားဆိုတာ ပရိသတ်တွေက အင်မတန် စိတ်ဝင်စားခဲ့ကြပါတယ်။ ရွှေထူးကတော့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ အသံပေါ်မှာ ချီးမွမ်းတဲ့မှတ်ချက်တွေပေးခဲ့ပြီး ယခု အချိန်မှာတော့ လက်တွေ့ ချပြလိုက်ပြီဖြစ်ပါတယ်။ ကဲ…ရွှေမှုံရဲ့အသံကို သိချင်တဲ့ ပရိသတ်တွေ အတွက် အမှား…..နားဆင်ခံစားကြည့်ပါဦးနော်။
We Love Cele











Comments