top of page
Search

ပရိသတ်တွေ လုံးဝ လုံးဝမမျှော်လင့်ထားတဲ့ ကိုယ်ပိုင် Product တစ်ခုကို ချပြလိုက်ပြီဖြစ်တဲ့ နေခြည်ဦး

  • Writer: BongVa Media
    BongVa Media
  • Nov 16, 2018
  • 1 min read

နေခြည်ဦးကတော့ သူမပရိသတ်တွေအတွက် product အသစ်တစ်ခုကို ထုတ်လိုက်ပါပြီနော်။ ချီချီဟာ အမာခံမိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ Beauty Blogger မလေးပဲဖြစ်ပါတယ်။ သူမရဲ့ ထူးခြားချက်ကတော့ မိန်းကလေးတစ်ဦးဖြစ်ပေမယ့် အမာခံပရိသတ်တွေကလည်း မိန်းကလေးတွေဖြစ်နေတာပါပဲ။

Beauty Blogger တစ်ဦးဖြစ်တဲ့အလျှောက် မိန်းကလေးတွေရဲ့ အလှအပတွေနဲ့ပတ်သက်ပြီး အမြဲလိုလို တင်ဆက်ပေးလေ့ရှိတဲ့ နေခြည်ဦးမှာ မိန်းကလေးပရိသတ်တွေရဲ့ အထူးအားပေးချစ်ခင်မှုကို ရရှိနေတာကတော့ သူမရဲ့ ထူးခြားချက်လေးတခုပါပဲ။ နေခြည်ဦးဟာ ယခု နိုဝင်ဘာလ ၁၅ ရက်နေ့က သူမအတွက် ရင်အခုန်ရဆုံးနေ့လို့ ကြိုတင်ပြောထားပြီးသူမရဲ့ ပရိသတ်တွေကို အသစ်ထွက်ရှိလာမယ့် ပထမဆုံး Product တစ်ခုကို ရင်ခုန်စွာစောင့်မျှော်ပေးကြဖို့ ပြောထားခဲ့ပါတယ်။




ယနေ့ညလေးကတော့ နေခြည်ဦးရဲ့ ပထမဆုံး Product လေးကို စတင်မိတ်ဆက်လိုက်တဲ့နေ့ပဲဖြစ်ပါတယ်။ တကယ်တကယ်ကို ထူးဆန်းဖို့ကောင်းတာကတော့ ပရိသတ်တွေ လုံးဝ မမျှော်လင့်ထားတဲ့ Product တစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။ သူမဟာ Your Social Medai Bff 2019 Year Planner

လို့အမည်ရတဲ့ Product လေးတစ်ခုကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ အင်မတန်ကိုကောင်းလွန်းနေပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က မိန်းကလေးတွေရဲ့ နှစ်တစ်နှစ်လုံးမှာ သူမနဲ့အတူ နေ့ရက်တိုင်းကို စနစ်တကျနဲ့ ဖြတ်သန်းစေတာပဲဖြစ်ပါတယ်။





ယခုအချိန်မှာတော့ အဲဒီ Product အတွက် Preorder တွေလက်ခံရရှိနေပြီး Preorder မှာယူပါက 15500 ကျပ်နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်နော်။ ပရိသတ်တွေအတွက် ချီချီရဲ့ Your Social Medai Bff 2019 Year Planner လို့အမည်ရတဲ့ Product ကြေငြာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

https://www.facebook.com/beautybynaychilabel/videos/497163127448771/UzpfSTEwMDAwMzMzODM5OTAwMDoxOTQ4NjEzNzExOTI2NTU2/


We Love Cele


 
 
 

Comments


bottom of page